Colorado WIC

မည်သူ့ဆီ ဆက်သွယ်ရမည်နည်း

အောက်ပါအကြောင်းများရှိလျှင် သင်၏ WIC သို့ ဖုန်းခေါ်ဆိုပါ…

  • WIC အစားအစာများ သို့မဟုတ် ပမာဏများနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိလျှင်၊
  • WIC က အတည်ပြုထားသည်ဟု သင် ထင်သော အစားအစာတစ်ခုခုအား ဝယ်ယူ၍ မရခဲ့လျှင်၊
  • သင့်ကတ် ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် ပျက်စီးခြင်းများဖြစ်ခဲ့လျှင်

အောက်ပါတို့ပြုလုပ်လိုလျှင် အလိုအလျောက်ဖုန်းလိုင်း1-844-234-4950  သို့ ဖုန်းခေါ်ဆိုပါ…

  • သင့် ပင်နံပါတ်အား ပြန်လည်သတ်မှတ်လိုလျှင် သို့မဟုတ် ပြောင်းလိုလျှင်။

အထွေထွေ မေးခွန်းများ

ကျွန်ုပ်၏ကတ် ပျောက်ဆုံးသွားလျှင် သို့မဟုတ် ခိုးယူခံရလျှင် မည်သို့ ပြုလုပ်သင့်သနည်း။

သင့် ပင်နံပါတ်ကို ဦးစွာ ပြောင်းပစ်ပြီး သင်၏ ဒေသဆိုင်ရာ WIC အစီအစဉ်သို့ ချက်ချင်း ဖုန်းခေါ်ဆိုပါ။ ၎င်းတို့က သင်၏ အစားအသောက်ခံစားခွင့်များအား မည်သူမှ အသုံးပြုခြင်း မရှိစေရန် တားမြစ်ပေးမည်ဖြစ်ပြီး သင့်အား ကတ်အသစ်တစ်ခု ထုတ်ပေးရန် ကူညီမည်ဖြစ်သည်။

ကျွန်ုပ်၏ ကတ် အသုံးပြု၍ မရလျှင် မည်သို့ဖြစ်မည်နည်း။

သင့်ကတ်၏ နောက်ကျောဘက်ရှိ အခမဲ့ အဝေးပြောဖုန်းလိုင်း သို့မဟုတ် သင်၏ ဒေသဆိုင်ရာ WIC အစီအစဉ်ကို ဖုန်းခေါ်ဆိုပါ။

ကျွန်ုပ်၏ ခံစားခွင့်များကို မည်သည့်အချိန်တွင် ရရှိမည်နည်း။

WIC ရုံးတွင် တင်ထားသော လက်ရှိ အစားအစာ ခံစားခွင့်များ ချက်ချင်း ရရှိနိုင်ပါသည်။ လာမည့်လများအတွက် အစားအစာ ခံစားခွင့်များကို စတင်သည့်နေ့ သန်းခေါင်ယံအချိန်တွင် သင့် eWIC

ကျွန်ုပ်၏ကတ် ပျောက်ဆုံးသွားလျှင် သို့မဟုတ် ခိုးယူခံရလျှင် မည်သို့ ပြုလုပ်သင့်သနည်း။

သင့် ပင်နံပါတ်ကို ဦးစွာ ပြောင်းပစ်ပြီး သင်၏ ဒေသဆိုင်ရာ WIC အစီအစဉ်သို့ ချက်ချင်း ဖုန်းခေါ်ဆိုပါ။ ၎င်းတို့က သင်၏ အစားအသောက်ခံစားခွင့်များအား မည်သူမှ အသုံးပြုခြင်း မရှိစေရန် တားမြစ်ပေးမည်ဖြစ်ပြီး သင့်အား ကတ်အသစ်တစ်ခု ထုတ်ပေးရန် ကူညီမည်ဖြစ်သည်။

ကျွန်ုပ်၏ ကတ် အသုံးပြု၍ မရလျှင် မည်သို့ဖြစ်မည်နည်း။

သင့်ကတ်၏ နောက်ကျောဘက်ရှိ အခမဲ့ အဝေးပြောဖုန်းလိုင်း သို့မဟုတ် သင်၏ ဒေသဆိုင်ရာ WIC အစီအစဉ်ကို ဖုန်းခေါ်ဆိုပါ။

ကျွန်ုပ်၏ ခံစားခွင့်များကို မည်သည့်အချိန်တွင် ရရှိမည်နည်း။

WIC ရုံးတွင် တင်ထားသော လက်ရှိ အစားအစာ ခံစားခွင့်များ ချက်ချင်း ရရှိနိုင်ပါသည်။ လာမည့်လများအတွက် အစားအစာ ခံစားခွင့်များကို စတင်သည့်နေ့ သန်းခေါင်ယံအချိန်တွင် သင့် eWIC 

အစားအစာ စာရင်း

Enfamil (မွေးစကလေးငယ်အတွက် စားစရာ) ကို မည်သည့်နေရာတွင် ဝယ်ရမည်နည်း။

သင်၏ လက်ကျန်စာရင်းကို စစ်ဆေးပါ

သင်၏စာရင်းလက်ကျန်ကို နည်းလမ်းမျိုးစုံဖြင့် စစ်ဆေးနိုင်ပါသည် –

  • သင်၏ လက်ရှိ ခံစားခွင့်များကို ကြည့်ရန် WICShopper အပ်ပလီကေးရှင်းရှိ “ကျွန်ုပ်၏ ခံစားခွင့်များ” ကို အသုံးပြုပါ။
  • သင်၏ နောက်ဆုံး စတိုးဆိုင် ပြေစာကို စစ်ဆေးပါ။
  • သက်၏ လက်ရှိ စာရင်းလက်ကျန်ကို ပရင့်ထုတ်ပေးရန် ကုန်ခြောက်ဆိုင်ရှိ ငွေကိုင်ကို ပြောပါ သို့မဟုတ် သုံးစွဲသူ ဝန်ဆောင်မှု ဌာနသို့ သွားပါ။
  • လက်ကျန်စာရင်းကို စုံစမ်းရန်အတွက် သင်၏ eWIC ကတ်နောက်ကျောဘက်ရှိ အဝေးပြော အခမဲ့ဖုန်းနံပါတ်သို့ ခေါ်ဆိုပါ။
  • သင်၏လက်ကျန်စာရင်းကို ကြည့်ရန်နှင့် ပရင့်ထုတ်ရန်အတွက် www.ebtedge.com  သို့သွားပါ။

သင်၏ eWIC ကတ်ဖြင့် စျေးဝယ်ထွက်ခြင်း

  • သင်လိုအပ်သည်ကို ဝယ်ပါ။ သင့်၏အစားအစာများအားလုံးကို တစ်ကြိမ်တည်းဖြင့် ဝယ်ဖို့ မလိုအပ်ပါ။
  • ငွေရှင်းချိန်တွင် သင့်ကတ်ကို အဆင်သင့်ဖြစ်အောင် လုပ်ထားပါ။
  • လုပ်ဆောင်ချက်အစတွင် သင်၏ eWIC ကတ်ကို ဆွဲပါ။
  • သင်၏ ပင်နံပါတ်ကို ထည့်ပြီး ခလုတ်ခုံပေါ်ရှိ enter ခလုတ်ကို နှိပ်ပါ။
  • ငွေကိုင်မှ သင်၏အစားအစာများကို စကန်ဖတ်ပါလိမ့်မည်။
  • အတည်ပြုထားသည့် အစားအစာ အမျိုးအမည်များ၏ ပမာဏနှင့် သင်ဝယ်ယူလိုက်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ ဒေါ်လာပမာဏကို သင့် WIC စာရင်းမှ ဖြတ်တောက်သွားပါမည်။
  • ငွေကိုင်မှ သင်၏ လက်ကျန် အကျိုးခံစားခွင့်နှင့် အကျိုးခံစားခွင့် သက်တမ်းကုန်ဆုံးမည့်နေ့များပါသည့် ပြေစာတစ်စောင်ကို သင့်အား ပေးပါလိမ့်မည်။
  • အခြား မည်သည့် ငွေပေးချေမှုပုံစံ မပြုလုပ်မီ သင့် eWIC ကတ်ကို ဆွဲပါ။
  • ကျန်ရှိနေသည့် လက်ကျန်ငွေကို ငွေသား၊ EBT ၊ SNAP သို့မဟုတ် စတိုးမှ လက်ခံသည့် အခြားပေးချေမှုပုံစံဖြင့် ပေးချေနိုင်ပါသည်။

ကျွန်ုပ်၏ ပင်နံပါတ် အကြောင်း

ပင်နံပါတ် (တစ်ကိုယ်ရေ သက်သေခံနံပါတ်) ဆိုတာ ဘာလဲ။

ပင်နံပါတ်ဆိုသည်မှာ သင်၏ WIC အကျိုးခံစားခွင့်များကို ရရှိစေနိုင်မည့် သင့်ကတ်နှင့်အတူပါသော ဂဏန်းလေးလုံးပါ လျှို့ဝှက်နံပါတ်တစ်ခုဖြစ်သည်။ ပင်နံပါတ်ကို ရွေးချယ်သည့်အခါ သင်မှတ်မိလွယ်သော နံပါတ်လေးလုံးကို ရွေးချယ်ပါ၊ သို့သော် အခြားသူတစ်ယောက် သိရှိရန် ခက်ခဲသော နံပါတ်မျိုး ဖြစ်ပါစေ ( ဥပမာ – သင့် မိဘ သို့မဟုတ် ကလေး၏ မွေးနေ့) ။

  • သင့်ကတ်ပေါ်တွင် ပင်နံပါတ်ကို မရေးထားပါနှင့်။
  • သင့်ကတ်ကို အသုံးမပြုစေလိုသူများအား သင့် ပင်နံပါတ်ကို မပေးပါနှင့်။ တစ်စုံတစ်ယောက်က သင့် ပင်နံပါတ်ကို သိရှိပြီး သင့်ကတ်ကို အသုံးပြု၍ သင့်ခွင့်ပြုချက်မရှိဘဲ သင့် အစားအစာ ခံစားခွင့်များကို ရယူခဲ့ပါက ထိုခံစားခွင့်များကို အစားထိုးပြန်ထုတ်ပေးမည် မဟုတ်ပါ။

ကျွန်ုပ်၏ ပင်နံပါတ်ကို မေ့သွားလျှင် သို့မဟုတ် ပြောင်းလဲလိုလျှင် မည်သို့ပြုလုပ်ရမည်နည်း။

သင့် ပင်နံပါတ်ကို နည်းလမ်းများစွာဖြင့် ပြောင်းလဲနိုင်ပါသည် –

  • သင့် အွန်လိုင်းအကောင့်ဖြင့် www.ebtedge.comတွင် ဝင်ကြည့်ပါ။
  • သင့် eWIC ကတ်နောက်ကျောဘက်ရှိ အခမဲ့ အဝေးပြောဖုန်းကို ခေါ်ဆိုပါ။

အကယ်၍ ကျွန်ုပ်သည် ပင်နံပါတ် မှားယွင်းထည့်သွင်းမိပါက မည်သို့ဖြစ်မည်နည်း။

သင့်ပင်နံပါတ်ကို ခန့်မှန်းကြည့်ရန် မကြိုးစားပါနှင့်။ လေးကြိမ်မြောက် ကြိုးစားမှုတွင် ထည့်သွင်းသော ပင်နံပါတ်မှာ မှားယွင်းနေပါက ပင်နံပါတ် လော့ခ်ကျသွားမည်ဖြစ်သည်။  ယင်းမှာ တစ်စုံတစ်ယောက်က သင့်ပင်နံပါတ်ကို ခန့်မှန်းပြီး အစားအစာ ခံစားခွင့်များကို ရယူရန် ကြိုးစားခြင်းကို ကာကွယ်ရန်အတွက်ဖြစ်သည်။ သင့်ကတ်ကို ပြန်ဖွင့်ရန် ညသန်းခေါင်ယံအချိန်အထိ စောင့်ပါ။ သင့်အကောင့်သည် အလိုအလျောက် ပြန်ပွင့်သွားမည်ဖြစ်သည်။

JPMA, Inc.